Monday, January 30, 2012

+ ဆရာ့ ဆုံးမစာ

ကျောင်းခန်းထဲကို ဆရာဝင်လာကတည်းက ကျောင်းသားတွေ၏အသံများသည် ကတ်ဆက်ဖွင့်ထားစဉ် မီးပျက်သကဲ့သို့ တိတ်ဆိတ်သွားသည်။ အကျွန်ုပ်တို့ဆရာသည် စာအသင်အပြကောင်းသည်။ ဆရာ့ဘာသာရပ်ကို Note ထုတ်ထားသော စာအုပ်များကို ဝေထားသော်လည်း ဆရာက စာအုပ်ထဲကအတိုင်းဖတ်ပြပြီးမသင်ဘဲ..အပြင်ဗဟုသုတများပြောကာ သင်လေသည်။ ဆရာ့အချိန်သာ ပြီးသွားမည် စာအုပ်တွင် ဘာမှ မမှတ်သားလိုက်ရ။ အချို့အတန်းထဲမှ ကောင်မလေးများက ဆရာ့ကို သင်ခန်းစာများကို မသင်သေးဟု ကောက်ချက်ချလိုက်သော တစ်နေ့တွင် ကျောင်းသားများကို ဆရာပြောလိုက်ပုံက
ငါက ပါရာဖတ် မှ မဟုတ်တာ။ မင်းတို့ကို လက်တွေ့life နဲ့တွဲပြတာ။ မရှင်းတာရှိရင် ပြန်မေး..ဘူဘူခြင်း တစ်မလုပ်နဲ့။ Why ဆိုတဲ့စကားလုံးကို ခေါင်းထဲအမြဲထည့်ထား။ ငါပြောတာ တိုင်းကို ခေါင်းတငြိမ့်ငြိမ့်နဲ့ မလုပ်နဲ့။ကိုယ့်ကိုယ်ကို IQ တွေတုံးအောင်မလုပ်နဲ့။ စဉ်းစားပါ။ Open minded ရှိပါ။ မြုံမထားပါနဲ့။ မသိလျှင်မေးပါ။
ဆရာပြောသည့် ဘူဘူခြင်းတစ်မလုပ်နဲ့ဆိုသော စကားသည် အလွန်တရာမှ မှန်ပါသည်။ အခန်းတွင်းရှိ လာတတ်နေသော ကျောင်းသားများအားလုံးသည် ဥာဏ်ရည်တူတူသာဖြစ်နိုင်သည်။ ပိုတော်မှ နည်းနည်လောက်သာဖြစ်မည်။ မိမိဘေးနားမှ သူငယ်ချင်းကို အားကိုးတကြီးဖြင့် မေးမြန်းပြီး သင်ခန်းစာများကို လုပ်ဆောင်ခြင်းသည် မှားယွင်းမှုဟု မဆိုနိုင်သော်လည်း လုံးဝဥဿုံ မှန်ကန်သည်ဟု မဆိုသာပါ။ မသိတာများကို မေးမြန်းသင့်သည်။ ဆရာပြောပြောနေသော open minded သည် ယနေ့အခြေအနေ ဒီမိုကရေစီရေစီးကြောင်းနှင့် အံဝင်လှသည်... Why Why...Why Why...Why

KMD မှ ဆရာဦးမျိုးထွန်း၏ စာသင်ကြားမှုများကို သတိရလျက် ဤစာစုကို ရေးသားမိပါသည်။

No comments: