ရထားစီးချိန် တစ်နာရီလောက်သာသာမှာ ထိုင်ခုံနေရာရပါတယ်။ စာရေးသူတို့စီးတဲ့ရထားက ဘူတာတိုင်းမရပ်ဘူး။ နာမည်ကြီးဘူတာတွေပဲ ရပ်တာ။ ထို့ကြောင့်လည်း Milan to Venice ကို တစ်ယောက်ကို ၃၄ယူရိုပေးရတယ်။ လက်မှတ်ဖြတ်ပိုင်းလေးကို သိမ်းထားချင်မိသော်လည်း အကျွန်ုပ်၏သူငယ်ချင်းက စိတ်နာကြည်းစွာပစ်ထုတ်ခဲ့သည်။ နောက်ဆုံးတွင်တော့ ပင်လယ်ရေပြင်ပြာပြာကြီးဘေးမှ ရထားကခုတ်မောင်းနေပါသည်။ Venezia ဆိုသည့် ဆိုင်းဘုတ်ကို တွေ့တော့မှ ၀မ်းသာအားရ ရောက်ပြီကွဟု အရူးလိုလိုထအော်မိသေးသည်။ ဟဲဟဲ..ဘယ်သူမှ နားမလည်တော့လည်း အေးဆေးပေါ့။ ဘူတာရုံကို ရထားဆိုက်သည်နှင့် မျက်စိက ကျီးကန်းတောင်းမှောက် Information Counter ကိုရှာသည်။ Information Counter မှာသာ မြေပုံကို အလကားရမှာကိုး။ သူငယ်ချင်းဖြစ်သူကတော့ အခုမှ ရထားပေါ်ကဆင်းသည်။ အပြန်လက်မှတ်ဝယ်ရန် ကောင်တာကို ပြေးလေသည်။ မြေပုံအလကားယူရမည်ထင်၍ လူ၁၀ယောက်လောက်ကို တန်းစီကာစောင့်နေလိုက်ရာ ကောင်တာအရောက် ခြင်းလေးဖြင့်သာ ကိုယ့်ရှေ့ကိုထိုးလာသည်။ သေချာပါပြီ...ပိုက်ဆံတော့ထွက်ပြီ ၂ယူရိုတန် မြေပုံကြီးကို စိတ်ပျက်ခြင်းကြီးစွာဖြင့် ကိုင်ကာ အကျွန်ုပ်၏သူငယ်ချင်းထံပြန်လာခဲ့သည်။ သူငယ်ချင်းကလည်း အချိန်မရတော့ အပြန်လက်မှတ်မရမှာကို စိတ်ပူနေသည်။ နောက်ဆုံးတွင် Venezia မှ နောက်ဆုံးထွက်သော ရထားကို ရွေးချယ်လိုက်သည်။ ဒါတောင် ဒင်းက လက်မှတ်ကောင်တာမှာ ဘိုလိုတွေ မတရားသွားရွှတ်နေသေးသည်။ ဒီက လက်မှတ်ရောင်းကတော့ တော်တော်အတွေ့အကြုံရှိပုံရသည်။ ထိုင်ခုံနေရာရမှာ သေချာကြောင်းကို အကြိမ်ကြိမ်ပြောနေလေသည်။ ဘူတာရုံမှ ထွက်လိုက်တော့ တူးမြောင်းတစ်ခုကို တန်းတွေ့ရသည်။ အော်..ဒါ Venice ကြီးပါလား။ သူငယ်ချင်းဖြစ်သူက လှေစီးရန် နားပူနာဆာတိုက်သည် မဖြစ်နိုင် လှေလှလှလေးတွေက မြို့တပတ်စီးလို့ကတော့ တစ်ယောက်ကို ပြန်တမ်းဝင်လစာထက်တောင် ကျော်သွားနိုင်သည်။ မဖြစ်ချေ..နောက်ဆုံးတွင်တော့ ၂ယူရိုတန်မြေပုံအားကိုးဖြင့် ခြေကျင်သုတ်ကျလေသတည်း။
မြေပုံထဲက ထင်ရှားလှသည့် နံပါတ်တပ်ထားသော အဆောက်အအုံများကို တပ်သုတ်ရိုက်ပြီး လိုက်ကြည့်ခဲ့ကြသည်။ ရထားလွတ်သွားမှာ စိုးသောကြောင့်။
ရထားချိန်နီးလာတော့ သူငယ်ချင်းနှစ်ယောက်ဘူတာအနီး၌ တစ်ဝယ်လည်လည်လုပ်နေလိုက်သည်။ အများကတော့ Venice မြို့ကို စာဖွဲ့ကျပေမယ့် အကျွန်ုပ်အတွက်တော့ အင်းလေးက ထာဝရပါ။ အကျွန်ုပ်ကတော့ စိတ်ကူးတွေရင်နေပေမယ့် သူငယ်ချင်းဖြစ်သူကတော့ နာရီတကြည့်ကြည့်နဲ့ဆိုတော့ သူ..စိတ်ချမ်းသာအောင် ရထားဘူတာထဲဝင်ခဲ့ကာ စီးနင်းရမည့်ရထားကို လိုက်ရှာကြသည်။ ထိုအချိန်တွင် ရထားတစ်စီးကထွက်သွား၍ သူငယ်ချင်းနှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြေးလိုက်မည်အပြု... မိမိတို့အနားမှ လေအဟုန်ဖြင့် ဆာလီကြီးဖြင့် ရထားနောက်သို့ပြေးလိုက်Indian သူတစ်ဦး..သူ့နောက်မှ India လေးတစ်ယောက်။ မသိလျှင် ကုလားကားရိုက်နေသလိုပဲ။ ကောင်မလေးကလည်း ဘာတွေအော်မှန်းမသိ..ရထားကြီးကတော့ သံယောဇဉ်အတွယ်အတာမဲ့စွာ ဘူတာရုံကြီးမှ ထွက်ခွာသွားလေသည်။ ကုလားကားဇာတ်သိမ်းကတော့ ငိုလိုက်ကျတာ ဘာပြောကောင်းမလည်း အကျွန်ုပ်တို့သူငယ်ချင်းနှစ်ယောက်တောင် ဘာဆက်လုပ်ရမည်မသိ။ ဖြစ်ချင်တော့ အကျွန်ုပ်တို့ရထားက ကပ်လျက်တွင် မထွက်သေးပါ။ ထွက်ခွာရန်လူခေါ်နေပါပြီ..အပြေးကို ရထားပေါ်ကိုတက်ကာ နေရာရှာကာထိုင်လေသည်။ သူငယ်ချင်းနှစ်ယောက်ဝီရိယကောင်းသည်ဟု တွေးကာ ကုလားကားဇာတ်သိမ်းပိုင်းကို မကြည့်နိုင်တော့ပဲ..ခုံနေရာကောင်းကောင်းကိုသာ ရွေးနေမိသည်။ ရထားပေါ်မှာ လူက ၁၀ယောက်ပြည့်ရင်တောင် ကံကောင်း။ သူငယ်ချင်းကတော့ ပထမတော့ဟုတ်တုတ်တုတ်..သူ့ချစ်သူနဲ့ဖုန်းပြောနေတော့ ရထားထွက်လို့ထွက်မှန်းတောင် မသိလိုက်။ နောက်တော့မှ ရထားမှားပြီထင်သည်ဟုဆိုတာ ရထားတစ်တွဲလုံးကို လိုက်လံကြည့်ရှုလေသည်။ ရထားတွဲထဲတွင် အကျွန်ုပ်တို့သူငယ်ချင်းနှစ်ယောက်အပါအ၀င် စုစုပေါင်းမှ ၈ယောက်သာပါလေသည်။ သူမ ထင်ချင်လည်းထင်စရာ။ လိုက်မေးကြည့်တော့မှ ယနေ့သည်စနေနေ့ဖြစ်သော်ကြောင့် မီလန်ကို ပြန်သူမရှိပဲ..ဗင်းနစ်ကို လာသူများသာရှိသောကြောင့် ရထားချောင်နေကြောင်းသိမှသာ နှစ်ဦးသာ တစ်နေကုန်ပင်ပန်းနေသမျှကို ရထားပေါ်တွင် ကောင်းစွာနှပ်ပြီး...ဖက်ရှင်မြို့တော်ကြီး မီလန်မြို့သို ပြန်ရောက်လာခဲ့ကြပါသည်။
မြေပုံထဲက ထင်ရှားလှသည့် နံပါတ်တပ်ထားသော အဆောက်အအုံများကို တပ်သုတ်ရိုက်ပြီး လိုက်ကြည့်ခဲ့ကြသည်။ ရထားလွတ်သွားမှာ စိုးသောကြောင့်။
"အော်..အော်...ဒါက ဒီအဆောက်အအုံ..အင်း..ဒါကို ရှေးကျတာပဲ"ထိုစကားလုံးများဖြင့် ကမ္ဘာကျော် venice မြို့ကြီးကို ကျော်ဖြတ်ခဲ့ကြသည်။ ကိုယ်ခန္ဒာလှုပ်ရှားမှုများတော့ ၀မ်းမီးကလောင်လာသည်။ ဒီတစ်ခါတွင်တော့ သူငယ်ချင်းကြီးက ရှေ့မှဦးဆောင်က စားသောက်ဆိုင်ရွေးလေသည်။ နောက်ဆုံး ဘူတာကိုလည်း လှမ်းမြင်ရအောင် Venice မြို့၏နေ၀င်အလှကိုလည်း ခံစားရအောင်ဆိုပြီး မြစ်ဘေးနားမှဆိုင်တစ်ခုကို ရွေးခဲ့ကြသည်။ ရွှေမြန်မာတို့အတွေးက ၅နာရီဆို နေ၀င်မည်..နောက်မှ ရွှေမြန်မာနှစ်ယောက် နဖူးရိုက်ကျရသည်။ ဒီနိုင်ငံမှာ ဒီလိုနွေရာသီဆို နေက ၉နာရီလောက်မှဝင်တာ။ အဆုံးတွင်တော့ အီတလီနေရောင်ကြီးကို ခံကာ စားလိုက်ရတာပဲ အဖတ်တင်သည်။ ပိုက်ဆံရှင်းတော့ သူငယ်ချင်းဖြစ်သူက ရှေ့မှ ဘီယာခွက်ရုရှားမယ်ကို ကြည့်ကာ စုတ်တသတ်သတ်။ တော်တော်ကျသွားပုံရသည် အကျွန်ုပ်ကတော့ sphagetti ကို မုန်းလချေပြီဖြစ်၍ အသားညှပ်ပေါင်မုန့်ဖြင့် cokeတစ်ခွက်ကိုသာ သောက်လိုက်သည်။ ဒါတောင် ယူရို၅၀လောက်ကျ၍ ဒကာခံသော အကျွန်ုပ်သူငယ်ချင်းမှာ မျက်နှာမလှ။ စကားစမြည်လေးပြောပြီး အမှတ်တရပစ္စည်းဆိုင်တန်းဖက် ပတ်ကြည့်လိုက်သေးသည်။ သူငယ်ချင်းဖြစ်သူက အမှတ်တရ..အမှတ်တရဖြင့်ဝယ်လိုက်တာ တော်တော်ထွက်သွားသည်။ အကျွန်ုပ်ကတော့ ထိုဒေသထင်ရှားသောအဆောက်အအုံတစ်ခု၏ အုတ်ခွက်ပုံပြုလုပ်ထားသည့် အလှပစ္စည်းတစ်ခု၊ Venice မြို့၏ အမှတ်တရပစ္စည်း မျက်နှာဖုံးကို စတိအနေဖြင့် ရေခဲသေတ္တာကပ်တာနှစ်ခုကို ဖြစ်ဖြစ်မည် ၀ယ်ခဲ့လိုက်မိသည်။ Venice မြို့သို့ရောက်ကြောင်း ချစ်သူလေးဆီကို ဖုန်းလှန်းဆက်တာ ခေါ်မရဘဲ
"The number you have dialed is not in the service area please redial later"စကားသံလေးတွေက ယူရို၁၀လောက်တန်မှန်း ကြိုသိခဲ့ပါလျှင်....